ထားဝယ်သွားရမယ်ဆိုထဲက စိတ်ထဲမှာ ကြိတ်ပျော်နေတယ် .. အန်တီနဲ့ ပထမဆုံး သူ့ရဲ့ ခရီးစဉ်ဖြစ်တဲ့ ပဲခူးတုန်းက ( ASSK’s Bago Trip ) လဲ လိုက်ခဲ့ဖူးတော့ အခုလို သူ့ရဲ့ ပထမဆုံး နိုင်ငံရေးခရီးစဉ်ဖြစ်တဲ့ ခရီးကတော့ လိုက်ချင်နေတာလဲပါတယ် ။ ဒါနဲ့ပဲ လေယဉ်လက်မှတ်စီစဉ်ဖြစ်ပြီး အန်တီမလာခင် ခပ်စောစော ၁ရက်ထဲက ထားဝယ်ကို အရင်ရောက်ဖြစ်တယ် ။ ထားဝယ်ရောက်ရောက်ခြင်းပဲ ဖုံးဝင်လာတယ် အရင်ရောက်နေတဲ့ ကိုငြိမ်းချမ်း ၊ ကိုစိုးသန်းဝင်းတို့က မောင်းမကန်မှာ အကြောင်းဖန် နေပြီဆိုတော့ ဟိုတယ်ကို ချက်အင်လုပ်ပြီး ချင်ခြင်း ကမ်းခြေဆင်းဖြစ်တယ် ။ စကားမစပ် မောင်းမကန်ကလဲ တော်တော်လှတယ်ဗျ .. လှိုင်းတွေက ကြမ်းတယ် .. ငပလီ ၊ ချောင်းသာ တို့နဲ့ အရသာခြင်းမတူပြန်ဖူး ။ အင်းဗျာ .. စကားအရစ်ရှည်တာများသွားပီထင်တယ် .. အမှန်တော့ အန်တီ ခရီးစဉ်ဖတ်ချင်ကြတာမလား .. ဟဲဟဲ .. အင်ထရိုဝင်တာများသွားပြီ ..
မနက်စောစောထဲက ထရတယ် ၊ ညထဲက ဘက်ထရီ ဖြည့် ကဒ်ရှင်း လန့်စ် ရှင်း ဘာညာနဲ့ တော်တော် ညနက်အောင်အိပ်ဖြစ်ပေမယ့် ဒီတခါတော့ ၅ခွဲလောက်ထဲက နိုးနေတယ် ။ ၆ နာရီလောက်မှာ ထပ်ပြီးဖုံးတွေဝင်လာတယ် အိပ်ရေးပုပ်တဲ့ ကျနော့်ကို စိုးရိန်တကြီး မနက်အစောကြီး ရန်ကုန်ကနေ တကူးတက လှမ်းနိုးပေးတဲ့ ချစ်သူကိုလဲ ကျေးဇူးတင်တယ် ( ကြေညာဝင်တာ )။ မနက် စာ ကို ဖြစ်သလို ပဲ စားဖြစ်ပြီး လေဆိပ်မှာ သွားစောင့်ဖြစ်တယ် ။ နောက်တော့ လေယဉ်ဆိုက်တာနဲ့ စပြီး ကျနော်တို့ အလုပ်ရူပ်တော့တာပါပဲ …




ီ
ခရီးစဉ် အစအဆုံးကျနော် ရေးဖို့ အဆင်မပြေလောက်တော့ဖူးဗျ .. ကျနော် အရမ်းပင်ပန်းပြီး အိပ်ချင်နေလို့ ပုံတွေ ပဲ တင်လိုက်တော့မယ်ဗျာ .. နော့..


ကျနော့် သူငယ်ချင်း လင်းဘိုနဲ့တောင် နောက်နေသေးတယ် .. အခု ခရီးစဉ်မှာ ထားဝယ်က မြို့ခံလူတွေက သောင်းသောင်းဖျဖျ မဟုတ်ဖူး .. သိန်းသိန်းဖျဖျ လာကြိုကြတာလို့ .. ဟုတ်တယ်ဗျ သူပြောတာလဲ မှန်တယ် လူက သိန်းဂဏန်းလောက် အထိ ဒီတနေ့ထဲမှာတင် လူတွေ တွေ့လိုက်ရတာကိုးဗျ .. နည်းနည်းနောနောလူလားဗျာ … ဆိုင်ကယ်တွေနဲ့ လိုက်လာကြတာလဲ ရာဂဏန်း ကျော်တယ် .. မရှိဖူးဆိုရင်တောင် ၃ ၊ ၄ ရာ အနည်းဆုံးပဲ ။




ဓါတ်ပုံတွေ အတွက် ကျေးဇူးပါ ညီရေ အခုလို အပင်ပမ်းခံပြီး ကိုယ်တိုင် ကိုယ်ကျ သတင်းဓါတ်ပုံတွေ လိုက်ယူပေးတဲ့ ညီတို့လို လူမျိုးတွေကြောင့် အန်တီစုရဲ့ သတင်းတွေကို နာရီမလပ် မြင်တွေ့ကြားသိ နေရတဲ့ အတွက် ပြည်သူတွေ အားလုံးက ကျေးဇူး တင်နေကြမှာပါ..
to lay mg ye, u did it, great shots. we are very excited to see your lovely pictures and to read your nice essay.
ထားဝယ်ရေနက်စခန်း ပုံများကြည့်ချင်ပါ၏ကွယ်။
Thanks for such a good news and photos..:)
thank so much, for your information and photo
one day we can be happy,one day our deam willcome true.
Daw Suu is heart of people.
သားကြီး၊ ဂုဏ်ယူတယ် မင်းအတွက်။
Great Work ဗျာ… Congratulation For Your Great Job…! ဒါဟာလည်း တိုင်းပြည်ကို ကိုယ်တတ်နိုင်တဲ့နည်းနဲ့ အကျိုးပြုခြင်းတစ်ခုပါပဲ…။ ဒီ့ထက်ပိုပြီး တိုင်းပြည်နဲ့လူမျိုးကိုအကျိုးပြုနိုင်တဲ့…တန်ဖိုးရှိပြီး အောင်မြင်တဲ့… Photojournalism တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…။
ကိုဦး + ဖြိုး
ငါ့အစ်ကိုကတော့ အခုထိ စာလုံးပေါင်းတွေက မှားတုန်းပဲ…
ဓါတ်ပုံတွေအတွက် ကျေးဇူးပဲဗျို့….
ဒါနဲ့ အပေါ်က ကွန်းမန့်မှာ ယောက်ကထီးက ဘယ်လိုဖြစ်ပြီး ယောက်ခမကိုပါ ဆွဲထည့်ထားတာတုန်း…